Cloud Computing ဟာ IT အပေါ်မှာ depend လုပ်ထားတဲ့ Business Industries တွေ အနေဖြင့် ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။
Organizations အချို့ Cloud Computing Services သို့ ပြောင်းလဲနေသော အကြောင်းပြချက် (၇) ချက်ရှိပါတယ်။
- Cost
On-Site Datacenter တစ်ခု Setup လုပ်တော့မယ်ဆိုရင် မဖြစ်မနေလိုအပ်လာမယ့် Software, Hardware ဝယ်ယူမှုတွေ၊ Datacenter အတွက် Power and Cooling Electricity charges
တွေ၊ Server maintaining Fees တွေ၊ Infrastructure Management မှာလိုအပ်တဲ့ IT experts တွေရဲ့ ကုန်ကျမယ့် ကုန်ကျစရိတ်တွေကို Cloud Computing အသုံးပြုခြင်းအားဖြင့် လျှော့ချနိုင်ပါတယ်။
- Speed
Cloud Computing Services တွေဟာ Organization Requirements တွေအပေါ်မူတည်ပြီး ဝယ်ယူအသုံးပြုရတဲ့ Services တွေပဲဖြစ်ပါတယ်။ လိုအပ်တဲ့ Computing Resources တွေကို Mouse Click လေး အနည်းငယ်နှိပ်လိုက်ရုံဖြင့် မိနစ်ပိုင်းအတွင်းထောက်ပံ့ပေးနိုင်ပါတယ်။
- Global Scale
Cloud Computing ရဲ့ အကျိုးကျေးဇူးများတွင် computing power, storage, bandwidth တွေကို geographical location အရ လိုအပ်သလို အလွယ်တကူ တိုးချဲ့အသုံးပြုနိုင်စွမ်းရှိပါတယ်။
- Productivity
On-Site Datacenter သည် အများအားဖြင့် Hardware Setup, Software Patch နှင့် အခြားသော IT Management များနှင့် ပတ်သက်၍ အချိန်ကုန် ကြန့်ကြာစေပါသည်။ ဒါကြောင့် IT Teams အနေဖြင့် ပိုမို အရေးကြီးတဲ့ စီးပွားရေး ရည်မှန်းချက်တွေရရှိဖို့အတွက် Cloud Computing ကို အသုံးပြုခြင်းက များစွာအထောက်အကူပြုပါတယ်။
- Performance
Cloud Providers များသည် နောက်ဆုံးပေါ် အလျင်မြန်ဆုံးနှင့်စွမ်းဆောင်ရည် မြင့်မားသော Hardware Devices များကို အဆင့်မြှင့်
တပ်ဆင်ထားသည့်အတွက် Application Network Latency ဖြစ်ခြင်းကို လျော့နည်းစေသည့်အပြင် Corporate Datacenter တစ်ခုထက်ပို၍ များစွာ သာလွန်ကောင်းမွန်စေပါသည်။
- Reliability
ဒီအပိုင်းကတော့ Cloud Computing ရဲ့ အားသာချက်တစ်ခုပါပဲ Cloud အပေါ်မှာ Run ထားတဲ့ Server တစ်ခုခု Fail ဖြစ်ခဲ့ရင်တောင် သူတို့ရဲ့ Internal Server တွေဆီ Transit လုပ်သွားမှာပဲဖြစ်ပါတယ်။
- Security
Cloud Provider အများစုက Customer တွေရဲ့ Data လုံခြုံရေး၊ Apps and Infrastructure Services များအတွက် လိုအပ်တဲ့ Policies များချမှတ်ထားသည့်အပြင် ပေါ်ပေါက်လာမည့် threat များမှလည်း အပြည့်အဝ ကာကွယ်မှုပေးနိုင်ရန် technologies support များလည်းဆောင်ရွက်ပေးလျက်ရှိပါသည်။
Thant Zin Phyo@Cracky (MCT)