Wednesday, April 15, 2020

About changing Office 365 to Microsoft 365

Microsoft ဟာ April လ 21 ရက်နေ့မှစ၍ Office 365 Product တွေကို Microsoft 365 Product တွေအဖြစ် အမည်ပြောင်းလဲသတ်မှတ်သွားမည် ဖြစ်ကြောင်းကြော်ငြာခဲ့ပါတယ်။

အခုတစ်ခါပြောင်းလဲမှုမှာတော့ Name သာပြောင်းလဲခြင်းဖြစ်​ပြီး Price & Feature တော့ ပြောင်းလဲခြင်းမရှိသေးပါဘူး။

ပြောင်းလဲသွားမှာတွေကတော့

Home Package အတွက်

Office 365 Home မှ Microsoft 365 Family

Office 365 Personal မှ ​Microsoft 365 Personal သို့လည်းကောင်း

Business Package အတွက်

Office 365 Business မှ Microsoft 365 Apps for Business

Office 365 Business Premium မှ Microsoft 365 Business Standard

Office 365 Business Essential မှ Microsoft 365 Business Basic

Microsoft 365 Business မှ Microsoft 365 Business Premium

သို့လည်းကောင်း ပြောင်းလည်းသွားမှာပဲဖြစ်ပါတယ်။

ကျောင်းသားအများစုက မကြာခဏဆိုသလို ကျွန်တော့်ကိုမေးကြတယ် O365 နဲ့ M365 ဘာကွာလဲတဲ့? M365 က O365+Windows 10 Enterprise+Enterprise Mobility and Security (EMS) တွေကိုပေါင်းစပ်ထားတဲ့ Intelligent Solution တစ်ခုဖြစ်ပါတယ်။

ကယ်အခုတော့ O365 လား M365 လား ပြောစရာမလို့တော့ပါဘူး အကုန်လုံးက MS 365 ဖြစ်သွားပါပြီ MS 365 အနောက်မှာပါတဲ့ Name အပေါ်မှာမူတည်ပြီး Price and Feature ကွာသွားပါမယ်။

အသေးစိတ်ကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://products.office.com/en-us/compare-all-microsoft-office-products?&activetab=tab%3aprimaryr1

Thant Zin Phyo@Cracky (MCT)

Monday, April 13, 2020

About Changing Microsoft Retire Certification and Exam

Microsoft မှ Retire Date Certification များအား ပြန်လည်ပြင်ဆင်သတ်မှတ်
===========================================================
COVID-19 situation ကြောင့် Microsoft မှ ယခင် သတ်မှတ်ထားသော MCSA, MCSE, MCSD Certification တွေရဲ့ Retire Date အား June.30.2020 မှ Jan.31.2021 အထိတိုးမြင့်လိုက်ပါတယ်။ ဒါ့အပြင် Azure နှင့် Dynamic 365 Certification အချို့ရဲ့ Retire Date ​​တွေကိုပါ  ထပ်မံတိုးမြင့်ထားပါတယ်။
တိုးမြင့်လိုက်တဲ့ Retire Exam Code တွေကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://docs.microsoft.com/en-us/learn/certifications/retired-certification-exams?fbclid=IwAR2A73jHF38gKie0SxJFs0YvGdMJ1H-xme9AWfB1v8ibTJtp8Abzy5JtSro
ဘယ် Certification တွေပါဝင်သလဲဆိုတာ အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://docs.microsoft.com/en-us/learn/certifications/retired-certifications?fbclid=IwAR0RfT9nPOPWVndVjf9POumtO6ycwnIJL7-DYBuvHbkA9KWRmvlUUpVO-nE

 Thant Zin Phyo@Cracky (MCT)