Different between Microsoft Office and Microsoft 365
Microsoft က သူ့ရဲ့ Office Product တွေကို နည်းလမ်း အမျိုးမျိုးနဲ့ Customer ေတွကို ရောင်းချပါတယ်။ အဲ့ဒီတော့ နောက်ဆက်တွဲအနေနဲ့ user community မှာ ရှုပ်ထွေးမှုတွေဖြစ်ပေါ်လာပါလေရော။ Microsoft Office ကို ပုံမှန်အသုံးပြုနေတဲ့ User တွေအနေနဲ့ကလည်း Microsoft Office နဲ့ Microsoft 365 အကြား အခြေခံကွာခြားချက်ကို သိတဲ့သူက အင်မတန်မှ နည်းလွန်းလှပါတယ်။ ဒီတော့ ဒီ Article လေးမှာ Microsoft 365 vs Microsoft Office တို့ရဲ့ ကွာခြားချက်တွေကို ပြောပြပေးသွားပါမယ်။ Microsoft 365 ========== ကျွန်တော်တို့ အနေနဲ့ Microsoft 365 ကို အသုံးပြုမယ်လို့ ရွေးချယ်လိုက်ပြီဆိုတာနဲ့ Microsoft 365 ဟာ Subscription-Based Service ဖြစ်တဲ့ အတွက်ကြောင့် လစဥ်ကြေး ဒါမှမဟုတ် နှစ်စဥ်ကြေးတွေနဲ့သာ အသုံးပြုရပါတယ်။ Microsoft 365 ကို အသုံးပြုရင် Extra Online Storage အတွက် OneDrive အပြင် Cloud Connected Features တွေကိုပါ ထပ်မံရရှိနိုင်ပါတယ်။ Microsoft 365 ဟာ App Based, Web Based နှစ်ခုစလုံးပါ Support လုပ်တဲ့ အတွက်ကြောင့် Windows, Mac, Android, IOS အပြင် Browser ပါတဲ့ မည်သည့် OS, မည့်သည့် Device တွေမှာ မဆို Microsoft 365 Account တစ်ခုရှိရုံနဲ့...