WSUS = Windows Server Update Services (Part-1)
WSUS ဆိုတာဘာလဲ? =============== - WSUS ဆိုတာ Windows Server Operating System တွေအတွက် လိုအပ်တဲ့ Updates and Patches တွေကို Microsoft Update Server ကနေ Download and Manage လုပ်လို့ရတဲ့ Windows Server Service တစ်မျိုးဖြစ်ပါတယ်။ - အရင်က WSUS ကို Software Update Services (SUS) အနေနဲ့ Microsoft က Offer လုပ်ခဲ့ပါတယ်။ - WSUS ကို Windows Server 2008 R2 လောက်ကနေစပြီးတော့ အသုံးပြုလို့ရပါတယ်။ - WSUS ကို အသုံးပြုမယ်ဆိုရင် အရေးကြီးဆုံးအချက်က Server License ဖြစ်ရပါမယ်။ ဘာကြောင့် WSUS ကို အသုံးပြုသင့်သလဲ? - ကျွန်တော်တို့ Organization Network အတွင်းမှာရှိတဲ့ Client PCs တွေက Windows Update လုပ်ချင်ရင် Internet Connection ရှိရမယ်၊ Update Files တွေကိုလည်း MS Update Server ကနေ တိုက်ရိုက် Download ဆွဲမယ်။ - အဲ့ဒီတော့ Update လုပ်တဲ့ PCs တွေများလာတာနဲ့အမျှ Internet Line တွေနှေးလာမယ်၊ Internet ပြတ်တောက်သွားတဲ့ အခါမျိုးမှာ Windows Update တွေ Error တက်သွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ - ကဲဒီလို ပြဿနာမျိုးတွေကနေ ကင်းဝေးချင်ရင်တော့ WSUS က အကောင်းဆုံးပေါ့ဗျာ။ - WSUS က Internet ပေါ်ကနေ MS Update Server...