Azure Application Gateway
Application Gateway ဆိုတာက Client application ကနေ Web App တွေဆီကို ပို့လိုက်တဲ့ Request တွေကို Manage လုပ်ပေးတဲ့ Service တစ်ခုပါ။ Application Gateway က Application Layer Routing ကိုအသုံးပြီးတော့ request လုပ်လာတဲ့ URL တွေ အပေါ်မူတည်ပြီးတော့ traffic တွေကို Backend မှာရှိတဲ့ Web Server Pool တွေဆီ Route လုပ်ပေးပါတယ်။ Backend ထဲမှာ အဓိကအားဖြင့် VM, VM Scale Sets, App Service, On-Premises Server တွေ အစရှိသဖြင့်ပါဝင်ပါတယ်။ အကယ်၍ Backend Pool ထဲက Server တွေမှာ Load Balance တွေကို အသုံးပြုထားမယ်ဆိုရင် Round Robin ကိုအသုံးပြုပြီး request traffic တွေကို Backend Pool ဆီပို့ပေးပါတယ်။ နောက်ထပ် Application Gateway က Session Stickiness ကို ထပ်ပံ့ပေးနိုင်တဲ့ အတွက်ကြောင့် Client request တွေက same session ဖြစ်နေခဲ့မယ်ဆိုရင် traffic တွေကို backend pool ထဲမှာရှိနေတဲ့ same server တွေဆီကိုပဲ route လုပ်ပေးပါတယ်။ နောက်တစ်ခုက Application Gateway မှာ Load Balancing ဘယ်လိုအလုပ်လုပ်လဲကြည့်ရအောင်။ Load Balancing က OSI Layer 7 (Application Layer) မှာ အလုပ်လုပ်ပြီးတော့ Application Gateway Rules တွေထဲမှာရှိတဲ့ routing...