Types of Cloud Deployment Models
ကဲ ဒီကနေ့မှာတော့ Cloud Computing နဲ့ပတ်သက်ပြီး မသိမဖြစ်သိထားရမယ့် Cloud Models တွေ အကြောင်းကို ပြောပြပေးသွားမှာပဲဖစ်ပါတယ်။ Cloud Models မှာ Public Cloud Private Cloud Hybrid Cloud ရယ်ဆိုပြီးတော့ အမျိုးအစားအားဖြင့် (၃) မျိုးရှိပါတယ်။ Public Cloud ဆိုတာဘာလဲ? Public Cloud ဆိုတာကတော့ Internet Connection ရှိနေရုံနဲ့ ကျွန်တော်တို့ အသုံးပြုချင်တဲ့ Compute Resources (Hardware, Software) တွေကို Cloud Services Provider လို့ခေါ်တဲ့ Hosting Provider တွေဆီကနေဝယ်ယူအသုံးပြုရတဲ့ Service တစ်မျိုးပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ကျွန်တော်တို့ IT Business အတွက်လိုအပ်တဲ့ Datacenter လေးတစ်ခု Setup လုပ်မယ်ဆိုပါဆို Hardware Devices တွေဝယ်ရမယ် (eg : Servers, PCs, Router, Switch, Firewall, etc...), အသုံးပြုမယ့် Software Licenses costs တွေ, Servers တွေထားမယ့် Room Space, Cooling System, Electric Costs, Maintenance Fees အစရှိသဖြင့်အများကြီးကုန်ကြနိုင်ပါတယ်။ အဲ့ဒီကုန်ကျမယ့်စရိတ်တွေအစား CSP ဆီကနေ မိမိ Business အတွက် လိုအပ်တဲ့ Compute Resource တွေကိုဝယ်ယူအသုံးပြုမယ်ဆိုရင်တော့ Initial Setup Cost မှာသ...