Tuesday, June 20, 2017

WSUS = Widows Server Update Services (Part-2)

ကဲ ဒီကနေ့မှာတော့ WSUS ရဲ့ Database အကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

WSUS ကို Implementation စလုပ်တော့မယ်ဆိုတာနဲ့ သူ့မှာပါဝင်တဲ့ Database အကြောင်းကိုတော့ ကျွန်တော်တို့ မေ့ထားလို့ မရပါဘူး။

WSUS မှာ အဓိကအားဖြင့် Database Type (2) မျိုးရှိပါတယ်။

  1. Windows Instance Database (WID) နဲ့
  2. Microsoft SQL Database တို့ပဲဖြစ်ပါတယ်။

WSUS with WID

=============

WID ကို Microsoft က Windows Server 2008 လောက်မှာ စပြီးတော့ introduced လုပ်ခဲ့ပါတယ်။

WSUS role ကို install လုပ်တဲ့အခါ အသုံးပြုမယ့် Database(WID) ကို ရွေးချယ်ပြီးရင် C:\Windows\WID\Data\SUSDB.mdf ဆိုတဲ့ Database File လေးရောက်လာပါလိမ့်မယ်။ ပုံ (၁) မှာကြည့်ပါ။

WID ကို အသုံးပြုမယ်ဆိုရင်တော့ Microsoft Update Server ဆီက Download ဆွဲလို့ရလာတဲ့ Update and Patch တွေကို Local Drive ထဲက မိမိနှစ်သက်တဲ့ Partition ထဲမှာ Folder လေးဆောက်ပြီးတော့ အလွယ်တကူ သိမ်းဆည်းလို့ရပါတယ်။ ပုံ (၂) မှာကြည့်ပါ။

WID ကို ဘယ်လိုအခြေအနေမျိုးမှာ အသုံးပြုသင့်သလဲ?

====================================

  1. SQL Server မရှိတဲ့ အခြေအနေမျိုးမှာ၊ ဒါမှမဟုတ် License cost ကိုလျော့ချချင်တဲ့ အခြေအနေမျိုးမှာ-
  2. WSUS Server အတွက် Network Load Balancing (NLB)/High Availability (HA)

တွေကိုအသုံးပြုဖို့ မလိုအပ်သေးတဲ့ အခြေအနေမျိုးမှာ-

  1. Organization requirement အရ Multiple WSUS Server (ဥပမာ - Branch Office) တွေ အသုံးပြုဖို့ လိုအပ်လာတဲ့ အခါမျိုးမှာ Primary WSUS Server မှာ SQL Server အသုံးပြုထားရင် Secondary WSUS Server မှာ WID ကို အသုံးပြုဖို့အတွက် ထည့်သွင်းစဥ်းစားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ WSUS Server တိုင်းက SQL Server Instance တစ်ခုဆီ အသုံးပြုရပါတယ်။ အဲ့တော့ Server License costs တွေအကုန်အကျများမယ်။ SQL Server တစ်မျိုးတည်းကပဲ Multiple WSUS Server တွေကို handle လုပ်မယ်ဆိုရင် Database ဆိုင်ရာ Performance ပြဿနာတွေဖြစ်ပေါ်တတ်ပါတယ်။

Noted: WID ကိုအသုံးပြုမယ်ဆိုရင်တော့ Database Management အတွက် Third-Party Application တွေကို အသုံးပြုရမှာဖြစ်ပါတယ်။

WSUS with SQL

==============

WSUS မှာ Microsoft SQL Server 2008 R2 ကနေပြီးတော့ 2019 အထိ support လုပ်ပါတယ်။

Edition တွေအနေနဲ့ကတော့

  • Standard
  • Enterprise
  • Express Editions တွေကို အသုံးပြုလို့ရပါတယ်။

WSUS Server နဲ့ သက်ဆိုင်တဲ့ Reporting Services တွေအတွက် Microsoft Report Viewer Software ကို Install လုပ်ပေးရပါတယ်။ အဲ့ဒီ Software ဟာ SQL Server မရှိပဲ အသုံးပြုလို့မရပါဘူး။ ပုံ (၃) တွင်ကြည့်ပါ။ ဒါ့အပြင် Database Management အတွက်ဆိုရင်လည်း SQL Server ရှိမှာသာ လျှင် Manage လုပ်လို့ရမှာပါ။

SQL Server ကို ဘယ်လိုအခြေအနေမျိုးမှာ အသုံးပြုသင့်သလဲ?

====================================

Large Production Environment တွေမှာ WSUS အတွက် NLB Cluster အသုံးပြုဖို့ လိုအပ်လာပါက WSUS Database ကို SQL Server Database ကို အသုံးပြုပေးရပါမယ်။

ကဲနောက်ဆုံးအနေနဲ့ ကျွန်တော်တို့ AZI Institute မှာ ကျောင်းသား/သူတွေ အမေးများဆုံး question လေးကို ပြောပြပေးလိုက်ပါတယ်နော်။

WSUS Server နဲ့ Database Server ကို သီးခြားစီ ခွဲထားလို့ရပါသလား?

========================================

WSUS နဲ့ Database ကို သီးခြားခွဲထားလို့ရပါတယ်။ ဒါပေမယ့် အခုပြောပြပေးမယ် အချက်လေးတွေကိုတော့ သိထားရမယ်နော်။

  1. Database Server မှာ Domain Controller ကို Configure မလုပ်သင့်ပါဘူး။
  2. WSUS Server မှာ Remote Desktop Services Run လို့မရပါဘူး။
  3. Database Server ကို ADDS+WSUS Server နဲ့ အတူတူထားသင့်ပါတယ်။ ဒါမှမဟုတ်ရင် Database Server ကို ADDS+WSUS Server ရဲ့ လက်အောက်ခံ Server အဖြစ် Domain Member ဝင်ထားရပါမယ်။
  4. Database Server နဲ့ WSUS Server ဟာ Time Zone (GMT) တူညီရပါမယ်။

ကဲဒီနေ့တော့ ဒီလောက်ပါပဲနော်။ မကြာခင် Part-3 ထပ်လာပါအုံးမယ်။

Thant Zin Phyo@Cracky 

Friday, May 5, 2017

WSUS = Windows Server Update Services (Part-1)

WSUS ဆိုတာဘာလဲ?

===============

- WSUS ဆိုတာ Windows Server Operating System တွေအတွက် လိုအပ်တဲ့ Updates and Patches တွေကို Microsoft Update Server က​နေ Download and Manage လုပ်လို့ရတဲ့ Windows Server Service တစ်မျိုးဖြစ်ပါတယ်။

- အရင်က WSUS ကို Software Update Services (SUS) အနေနဲ့ Microsoft က Offer လုပ်ခဲ့ပါတယ်။

- WSUS ကို Windows Server 2008 R2 လောက်ကနေစပြီးတော့ အသုံးပြုလို့ရပါတယ်။

- WSUS ကို အသုံးပြုမယ်ဆိုရင် အရေးကြီးဆုံးအချက်က Server License ဖြစ်ရပါမယ်။

ဘာကြောင့် WSUS ကို အသုံးပြုသင့်သလဲ?

 

- ကျွန်တော်တို့ Organization Network အတွင်းမှာရှိတဲ့ Client PCs တွေက Windows Update လုပ်ချင်ရင် Internet Connection ရှိရမယ်၊

Update Files တွေကိုလည်း MS Update Server ကနေ တိုက်ရိုက် Download ဆွဲမယ်။

- အဲ့ဒီတော့ Update လုပ်တဲ့ PCs တွေများလာတာနဲ့အမျှ Internet Line တွေနှေးလာမယ်၊ Internet ပြတ်တောက်သွားတဲ့ အခါမျိုးမှာ Windows Update တွေ Error တက်သွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

- ကဲဒီလို ပြဿနာမျိုးတွေကနေ ကင်းဝေးချင်ရင်တော့ WSUS က အကောင်းဆုံးပေါ့ဗျာ။

- WSUS က Internet ပေါ်ကနေ MS Update Server ဆီက လိုအပ်တဲ့ Updates and Patches တွေကို Download ဆွဲပြီးတော့ သူ့ Local Network အတွင်းမှာရှိတဲ့Client PCs တွေကို Distribution လုပ်လို့ရတော့ တော်တော်လေး အဆင်ပြေသွားတာပေါ့။

WSUS ကနေ Update လုပ်ပေးနိုင်တဲ့ အရာတွေကတော့

=====================================

1.Critical updates

2.Definition updates

3.Drivers

4.Feature packs

5.Security updates

6.Service packs

7.Tools

8.Update rollups and regular enhancements တို့ပဲဖြစ်ပါတယ်။

ကဲဒီနေ့တော့ ဒီလောက်ပါပဲနော်။ မကြာခင် Part-2 ထပ်လာပါအုံးမယ်။

Thant Zin Phyo@Cracky